League
“GOAT တစ်ယောက်ရဲ့ အခမ်းနားဆုံး နှုတ်ဆက်ချိန်”🐐🐐
မက်ဆီကတော့ အခုအချိန်ဟာ သူအနားယူသင့်ပြီလို သတ်မှတ်ပြီး အနားယူသွားပါပြီ။
Report / event date 2026-10-07
Sources checked 2026-10-07
အားကစားလောကမှာ အောင်မြင်မှုတွေ ရယူပြီးရင် ဘယ်အချိန် အနားယူရမလဲ ဆိုတာလည်း သိဖို့ လိုပါတယ်။ မက်ဆီကတော့ အခုအချိန်ဟာ သူအနားယူသင့်ပြီလို သတ်မှတ်ပြီး အနားယူသွားပါပြီ။လက်ရှိခြေစွမ်းအရ မက်ဆီဟာ အာဂျင်တီးနားအတွက် ဘာမှ ထပ်ပြီးမလုပ်ပေးနိုင်တော့ဘူးလားလို့မေးရင် မလုပ်ပေးနိုင်တော့ဘူးလို့ ဖြေလို့လည်း မရသေးပါဘူး။ သူ ကွင်းထဲမှာ ဆက်ရှိနေရင် ပြိုင်ဘက်အတွက် အန္တရာယ် ပေးနိုင်တုန်းပါပဲ။ သူ့အသင်းဖော်တွေအတွက် အထောက်အကူ ဖြစ်တုန်းပါပဲ။ ဒါကို ပြီးခဲ့တဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲတစ်လျှောက် တွေ့ခဲ့ကြရပြီးပါပြီ။မက်ဆီဟာ အာဂျင်တီးနားအတွက် နောက်တစ်ကြိမ် ချန်ပီယံဆုဖလားကို သယ်ယူသွားဖို့ အစွမ်းကုန် ကြိုးစားခဲ့ပါသေးတယ်။ ဒါပေမဲ့ သူကိုယ်တိုင်ကလည်း လွန်ခဲ့တဲ့ ၄−၅−၁၀ နှစ်တုန်းက မက်ဆီမဟုတ်တော့သလို၊ ဘောလုံးဆိုတာကလည်း အသင်းအဖွဲ့နဲ့ကစားရတာဆိုတော့ တစ်ဦးတစ်ယောက်တည်းက ဆုဖလားတွေ ယူလို့မရနိုင်ပါဘူး။
Source: Sporting News ↗
Explore more stories