ZTV Your home for football
All news

*မန်စီးတီး အသင်းခေါင်းဆောင်ဟောင်း ဘာနာဒို ဆေးလ်ဗား ရီးရဲလ်မှာ အရန်အဖြစ်သာ ဖြစ်နေပြီး ဆောင်းရာသီမှာ ဂျူဗင်တပ်စ်ဆီ ပြောင်းရွှေ့တော့မလား?*

By ZTVMM · 19 October 2026
*မန်စီးတီး အသင်းခေါင်းဆောင်ဟောင်း ဘာနာဒို ဆေးလ်ဗား ရီးရဲလ်မှာ အရန်အဖြစ်သာ ဖြစ်နေပြီး ဆောင်းရာသီမှာ ဂျူဗင်တပ်စ်ဆီ ပြောင်းရွှေ့တော့မလား?*

Report / event date 2026-10-19

Sources checked 2026-10-19

 🔰မန်စီးတီး အသင်းခေါင်းဆောင်ဟောင်း ဘာနာဒို ဆေးလ်ဗား ရီးရဲလ်မှာ အရန်အဖြစ်သာ ဖြစ်နေပြီး ဆောင်းရာသီမှာ ဂျူဗင်တပ်စ်ဆီ ပြောင်းရွှေ့တော့မလား?**🔰
မန်စီးတီးကနေ ရီးရဲလ်မက်ဒရစ်ကို ရောက်ရှိလာခဲ့တဲ့ ပေါ်တူဂီ ကွင်းလယ်ကြယ်ပွင့် ဘာနာဒို ဆေးလ်ဗားဟာ လာလီဂါ ၆ ပွဲမှာ ၂၈၂ မိနစ်သာ ကစားခွင့်ရရှိထားပြီး ပွဲပြီးခါနီး မိနစ်ပိုင်းလောက်မှသာ အရန်အဖြစ် လူစားဝင်နေရပါတယ်။ အသင်းကွင်းလယ်မှာ နေရာမရတော့တာကြောင့် ရီးရဲလ်ကို ပြောင်းရွှေ့ခဲ့တဲ့အပေါ် နောင်တရနေတဲ့ အခြေအနေ ဖြစ်နေပါတယ်။
ဒီအခြေအနေမှာ အီတလီကလပ် ဂျူဗင်တပ်စ်က ဆေးလ်ဗားကို ဆောင်းရာသီမှာ အငှားနဲ့ခေါ်ယူဖို့ စောင့်ကြည့်ပြင်ဆင်နေပါတယ်။ ဒါပေမဲ့ သူ့ရဲ့ တစ်ပတ်ပေါင် ၄ သိန်းဝန်းကျင်အထိရှိတဲ့ မြင့်မားတဲ့ လုပ်ခလစာကြောင့် ရီးရဲလ်ဘက်က လစာထက်ဝက် စိုက်ထုတ်ပေးမှသာ ဒီအပြောင်းအရွှေ့ ဖြစ်မြောက်လာနိုင်ဖွယ် ရှိနေပါတယ်။
#BernardoSilva #RealMadrid #ManCity #Juventus #LaLiga #TransferNews #ဘောလုံးသတင်း #ရီးရဲလ်မက်ဒရစ် #ဘာနာဒိုဆေးလ်ဗား #ဂျူဗင်တပ်စ် #UKMatchDay

Source: ZTV news ↗

Explore more stories
Announcement

Welcome to ZTVMM — follow football fixtures, scores and the latest news.