ဟယ်ရီ ( ကိန်း ) က ကမ္ဘာ့အကောင်းဆုံး ပင်နယ်တီကန်သူတွေထဲက တယောက်ပါ
Anthony Gordon ပြောစကား
သတင်း / အစီအစဉ်ရက်စွဲ 2026-09-27
ရင်းမြစ်များ စစ်ဆေးထားသည့်နေ့ 2026-09-27
“ဟယ်ရီ ( ကိန်း ) က ကမ္ဘာ့အကောင်းဆုံး ပင်နယ်တီကန်သူတွေထဲက တယောက်ပါ ။ ဒါပေမယ့် ဒါက ဘောလုံးလေ ၊ ဒီလိုမျိုး ( ပင်နယ်တီမဝင်တာ ) တွေက ဖြစ်တတ်တာပါပဲ ။ ပွဲတပွဲရဲ့ အလှည့်အပြောင်း ဖြစ်လာမယ့် အချိန်မျိုးမှာ ဒါတွေက ဖြစ်တတ်ပါတယ်”
“စပိန်လို ကမ္ဘာ့ချန်ပီယံအသင်းနဲ့ ကစားရတာက တကယ်မလွယ်ပါဘူး ။ အထူးသဖြင့် သူတို့က ပွဲကို ပြန်ဦးဆောင်သွားတဲ့အခါမျိုးမှာပေါ့ ။ ဘောလုံးက လိုက်လုလို့တောင် မရအောင် ဖြစ်လာခဲ့တာပါ ။ ဒီအတွေ့အကြုံကို နယူးကာဆယ်နဲ့ ဘာစီလိုနာကို ကစားခဲ့တုန်းက ကြုံခဲ့ဖူးပါတယ် ။ ဘာလဲဆိုတာ ပြောပြဖို့ ခက်ပေမယ့် သူတို့က ဘောလုံးကို တချိန်လုံး ထိန်းချုပ်ကစားနေတာပါ ၊ သူတို့က ကမ္ဘာ့အကောင်းဆုံးအသင်းပါပဲ”
Anthony Gordon
ရင်းမြစ်: ZTV news ↗
နောက်ထပ်စာစောင်များဖတ်ရန်